ဝါးခယ်မမြို့ ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ စာအုပ်စာပေ ချစ်မြတ်နိုးသူများ (Book Club) အဖွဲ့နှင့် စာဖတ်ဝိုင်းကျင်းပ

ဝါးခယ်မ     နိုဝင်ဘာ    ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌  စာအုပ်စာပေချစ်မြတ်နိုးသူများ  (Book Club) အဖွဲ့နှင့် အကြွင်းမဲ့ခေါင်းဆောင်မှု သဘောတရား စာအုပ်အား ယနေ့ နံနက်(၁၁)နာရီက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ရီရီလွင်က စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် များကို ပြောကြားခဲ့ပြီး စာရေးဆရာ မောင်မြင့်ကြွယ် ဘာသာပြန်ဆိုထားသည့် အကြွင်းမဲ့ခေါင်းဆောင်မှု သဘောတရား စာအုပ်မှ အကျင့်စာရိတ္တ အကာင်းမွန်မှု ခေါင်းစဉ်ဖြင့် ဒေါ်အေးအေးသက်က လည်းကောင်း၊ ဩဇာတိက္ကမရှိမှု ခေါင်းစဉ်ဖြင့် ဒေါ်ညိုညိုအောင် ကလည်းကောင်း၊ စွမ်းရည်ပြည့်ဝမှုခေါင်းစဉ်ဖြင့် ဒေါ်ဇာဇာကိုက လည်းကောင်း အသီးသီးဖတ်ကြားခဲ့ရာ တက်ရောက်လာသူများမှ အပြန်အလှန် ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

စောသန္တာဦး (ဝါးခယ်မပြန်/ဆက်)