ညောင်တုန်းမြို့တွင် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ ကျင်းပမည်

ညောင်တုန်း နိုဝင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် နှစ်စဉ်နှစ်တိုင်း ကျင်းပ ပြုလုပ်သော တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကို နိုဝင်ဘာလ ၁၈ရက်နေ့ မွန်းလွဲ ၃နာရီအချိန်မှစ၍ အစဉ်အလာမပျက် မြို့တွင်းရပ်ကွက်များသို့ ဒေသစာရီ ကြွချီအပူဇော်ခံမည်ဖြစ်သည်။

တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲသည် ညောင်တုန်းမြို့၏ အထင်ကရ ဘာသာရေးပွဲတော် တစ်ခုဖြစ်ပြီး မဟာဝိသုတာရာမတိုက်သစ် ကျောင်းတိုက်ဘုရား ကန္ဒာကုဋိတိုက်အတွင်း အပူဇော်ခံ ထားရှိသည့် နှိပ်ကျိပ်ရှစ်ဆူဘုရားများအား ရပ်ကွက်(၁၀)ခုရှိ ယာယီ စံကျောင်းတော်များ ပင့်ဆောင်ကာ အစဉ်အလာမပျက် မြို့တွင်းရပ်ကွက်များသို့ ဒေသစာရီ ကြွချီအပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။