မကွေးခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့(အကြို)မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

မကွေး           နိုဝင်ဘာ        ၁၆

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နိုဝင်ဘာလ (၂၈)ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့(အကြို) မူလတန်း အဆင့် ကဗျာရွက်ဆိုပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကဗျာရွတ်ဆိုပြိုင်ပွဲအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ မကွေးခရိုင် လက်ထောက်ညွန်ကြားရေးမှူး ဦးမျိုးမောင်မောင်ကျော်က နိုဝင်ဘာလ (၂၈) ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများ၊ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်း အကျဉ်းချုပ်နှင့် ကဗျာရွတ်ဆိုင်ပြိုင်ပွဲများ ပြုလုပ် ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ပြိုင်ပွဲဝင် ကျောင်းသား/သူများမှ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကဗျာများဖြင့် ရွတ်ဆို ယှဉ်ပြိုင်ခဲ့ကြပြီးနောက် မကွေးခရိုင်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြိုင်ပွဲဝင်ကျောင်းသား/သူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။

မကွေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာအနေဖြင့် ကျောင်းသား/သူများ အသိဉာဏ်ပညာ တိုးတက်စေရေး၊ စာကြည့်တိုက်သို့ လာရောက်ပြီး စာအုပ်စာစောင်များ ဖတ်ရှုတတ်သည့် အလေ့အကျင့် အကောင်းများ ရရှိစေရေးနှင့် ဉာဏ်ရည် ဉာဏ်သွေးများ ကောင်းမွန်လာစေရန် ရည်ရွယ်၍ စာအုပ်စာစောင်ပြပွဲများ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများအား ပြုလုပ် ပေးခြင်းဖြစ်ပြီး အခမ်းအနားသို့ ဆရာ/ဆရာမများ၊ ပြိုင်ပွဲဝင်ကျောင်းသား/သူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။          

                                                                  

ကိုစည်သူ(မကွေး)