အထက်မင်းလှ နိုဝင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်း ကင်ဆာရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှသားအိမ်ခေါင်း ကင်ဆာ ကာကွယ် ဆေး ထိုးနှံပေးမည်ဖြစ်ရာ ကာကွယ်ဆေးထိုးနှံမည့် အမျိုးသမီးငယ်များစာရင်းအား သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများက စာရင်းကောက်ယူလျက်ရှိကြောင်းသိရသည်။
ထိုသို့ကာကွယ်ဆေး ထိုးနှံပေးရာတွင်၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလတွင် ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံပြီးခဲ့သည့် အမျိုးသမီးငယ်များအား ဒုတိယအကြိမ်ထိုးနှံပေးရန်နှင့် ၂၀၂၁ခုနှစ်တွင် အသက် ၉ နှစ်ပြည့်ပြီး ၁၀နှစ်မကျော်သေးသည့် အမျိုးသမီးငယ်များအား ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်သည်။
မင်းလှမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံမည့်အမျိုးသမီးငယ် ၉၈၆ဦး၊ ပထမအကြိမ်ကာကွယ်ဆေးထိုးနှံရန်အမျိုးသမီးငယ် ၈၅၁ ဦးရှိသည်။ အဆိုပါကာကွယ်ဆေးထိုးနှံပေး ရာတွင် ကျောင်းအခြေပြု ထိုးနှံပေးခြင်းကို ၂၀၂၁ခုနှစ်၊ဒီဇင်ဘာလ နောက်ဆုံးပတ်တွင်ထိုးနှံပေးမည်ဖြစ်ပြီး ပြည်သူလူထု အခြေပြု ထိုးနှံပေးခြင်းကို၂၀၂၂ခုနှစ်၊ ဇန်နဝါရီလပထမပတ်တွင် ထိုးနှံပေးရန် စီစဉ်လျာထားကြောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဇာဇာ(အထက်မင်းလှ)