ပင်လည်ဘူး သြဂုတ် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ မြို့နယ်အတွင်းရှိ ကျေးရွာများမှ ငါးမွေး တောင်သူများအား ငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ငါးမြစ်ချင်းငါးမျိုး ဆေးထိုး၊ သားဖောက်ခြင်း နည်းပညာ သင်တန်းကို ယမန်နေ့က မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ဩဂုတ် ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ ၃ ရက်ကြာ ဖွင့်လှစ်ပို့ချ မည်ဖြစ်ပြီး သင်တန်းသားဦးရေ ၁၂ ဦးတက်ရောက်ကာ ငါးမြစ်ချင်းငါးမျိုး ဆေးထိုး၊ သားဖောက်ခြင်းနည်းပညာ သင်တန်းကို မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ခက်ခက် ဝေခိုင်နှင့် ဝန်ထမ်းများက စာတွေ့၊ လက်တွေ့ သင်ကြား ပို့ချလျက်ရှိကြောင်း မြို့နယ် ငါးလုပ်ငန်းဦးစီးဌာမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)