မြို့သစ်မြို့နယ်တွင် အောက်ဆီဂျင်စက်ရုံအတွက် အသုံးပြုမည့် ၂၀၀ ကေဗွီအေ ထရန်စဖော်မာ နှင့် ဆက်စပ် ပစ္စည်း တပ်ဆင်ခြင်း လုပ်ငန်းများဆောင်ရွက်

မြို့သစ် အောက်တိုဘာ  ၁၆

မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် အောက်ဆီဂျင် စက်ရုံတည်ဆောက်မှု လုပ်ငန်းလိုအပ်ချက်များ အတွက် အောက်ဆီဂျင်စက်ရုံ အကောင်အထည်ဖော် တည်ဆောက်လျက်ရှိရာ ယမန်နေ့ နေ့လည်ပိုင်းက အောက်ဆီဂျင် စက်ရုံအတွက် အသုံးပြုမည့် ၂၀၀ ကေဗွီ ထရန်စဖော်မာနှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ခြင်း လုပ်ငန်းများကို မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးမြတ်ကိုကိုနှင့် ဝန်ထမ်းများက အောက်ဆီဂျင်စက်ရုံ အသုံးပြုနိုင်ရေးအတွက် ထရန်စဖော်မာထားရှိမည့် နေရာအား လိုင်းကြိုးချိတ်ဆက်မှုများစတင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အကောင်အထည်ဖော် တည်ဆောက်နေသည့် အောက်ဆီဂျင်စက်ရုံမှာ 30 Nm3/hဖြစ်ပြီး    တစ်ရက်လျှင် ၄၀ လီတာ အောက်ဆီဂျင်အိုးအလုံးရေ ၁၂၀ ခန့်ထွက်ရှိမည်ဖြစ်ကြောင်း  ယင်း အောက်စီဂျင်စက်အား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးခြင်းဖြစ်ရာ စက်တန်ဖိုး အနေဖြင့် ငွေကျပ်သိန်း(၉၀၀)ကျော်ရှိကြောင်း လိုအပ်သော စက်ရုံတည်ဆောက်ခြင်းနှင့်   အခြားဆက်စပ် လုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့မိမြို့ဖများ ပူးပေါင်း၍ အကောင်အထည်ဖော် တည်ဆောက်နေခြင်းဖြစ်ပြီး ခန့်မှန်းကုန်ကျ ငွေကျပ်သိန်း(၆၀)ခန့် ကုန်ကျမည် ဖြစ်ကြောင်း သိရသည်။

ဇော်ဇော် (ပြန်/ဆက်)