ဝန်းသို နိုဝင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ ၂၀၂၁-၂၀၂၂ ခုဘဏ္ဍာရေးနှစ် VDP စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာများမှ ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များအား ခေါင်းဆောင်မှု စွမ်းရည်မြင့်မားလာစေရန်နှင့် စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ရာတွင် စနစ်တကျ ဆောင်ရွက်တက်စေရန် ရည်ရွယ်၍ ကျေးရွာအဆင့်ခေါင်းဆောင်မှု သင်တန်းကို ယမန်နေ့က ဖွင့်လှစ်သင်ကြား ပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက ခေါင်းဆောင်မှု ဘာသာရပ်တွင် ပါဝင်သော ခေါင်းဆောင်ဆိုတာ၊ ခေါင်းဆောင်မှု၏ အဓိပ္ပာယ်၊ ခေါင်းဆောင်မှု အခြေခံ အချက်(၄)ချက်၊ ခေါင်းဆောင်က ကူညီရမည့် အလုပ်တာဝန်(၉)ခု၊ ခေါင်းဆောင်မှုပုံစံများ အကြောင်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေအကြောင်းကို လည်းကောင်း၊ VDP စီမံကိန်းတာဝန်ခံ အငယ်တန်းအင်ဂျင်နီယာ-၂ ဒေါ်အိမွန်ဟိန်းက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း စီမံကိန်း အဆိုပြုလွှာပြုလွှာပြင်ဆင်ခြင်း လုပ်ငန်းစဉ်နှင့် စာရင်းဇယားပြုစု ထိန်းသိမ်းနည်းပုံစံ(၁၄)မျိုး၊ စီမံကိန်းအကောင်အထည်ဖော်ရာတွင် အင်ဂျင်နီယာနည်းပညာ ဆိုင်ရာ လုပ်ငန်းစဉ်များ အကြောင်းတို့ကိုလည်းကောင်း သင်တန်းသူ သင်တန်းသား ၁၈ ဦးအား သင်ကြားပို့ချ ပေးခဲ့သည်။
၂၀၂၁-၂၀၂၂ ခု(၆)လဘဏ္ဍာရေးနှစ်အတွင်း ဝန်းသိုမြို့နယ်ရှိ ကျေးရွာ(၇)ရွာ၌ VDP ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်း စီမံကိန်းထောက်ပံ့ငွေကျပ်သိန်း ၁၀၀ စီဖြင့် ကျေးရွာများ၏ ပကတိလိုအပ်ချက်များဖြစ်သော မြေသားလမ်းချဲ့ခြင်း လုပ်ငန်းတစ်ခု၊ ဂျင်း/သဲ ကျောက်ခင်းခြင်း လုပ်ငန်းနှစ်ခု၊ ကွန်ကရစ်လမ်းအဆင့် မြင့်တင်ခြင်းလုပ်ငန်းနှစ်ခု၊ ကွန်ကရစ်တံတား ဆောက်လုပ်ခြင်းလုပ်ငန်း တစ်ခုနှင့် ရေရရှိရေးလုပ်ငန်း (စက်ရေတွင်း တူးဖော်ခြင်း) တစ်ခုဆောင်ရွက်ရန် လျာထားတင်ပြထားကြောင်း မြို့နယ်ကျေးလက် ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။
ကျော်မြိုင်