နတ်မောက် နိုဝင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ နိုဝင်ဘာ ၁၃ ရက်နေ့ညတွင် မြို့မစည်ပင်သာယာစျေးကြီး မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် နတ်မောက်မြို့ ဆုတောင်းပြည့် ဘုရားကြီးကျောင်းတိုက် တောင်ဘက် ကွက်လပ်တွင် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ယာယီစျေး ဆောက်လုပ်ပေးရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ထိုသို့ယာယီစျေး ဆောက်လုပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီတို့က ကြီးကြပ်ဆောင်ရွက်မှုဖြင့် ပေကြိုးဆွဲခြင်း၊ ထုံးဖြူးခြင်း၊ တိုင်တူးခြင်းများပြုလုပ်ခဲ့ကြပြီး ဆိုင်ခန်းတစ်ခန်းလျှင် (၆) ပေပတ်လည် အကျယ်ရှိပြီး ဆိုင်ခန်းပေါင်း (၃၉၂)ခန်းကို ဆောက်လုပ်ကာ နိုဝင်ဘာ (၁၈)ရက်နေ့တွင် စျေးသူ၊ စျေးသားများ စျေးစတင် ရောင်းချနိုင်ရေး အတွက် ဆုတောင်းပြည့် ဘုရားတောင်ဘက် ကွက်လပ်တွင် ယာယီစျေးအဖြစ် စနစ်တကျ စျေးရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
လှဝင်း(နတ်မောက်)