(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ဆင်ပေါင်ဝဲ   နိုဝင်ဘာ    ၁၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) ခန်းမတွင် ကျင်းပပြု လုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ (တာဝန်ပေး) ဦးနိုင်လင်းက ပြိုင်ပွဲများကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်စေရန်၊ မိမိကိုယ်ကို ယုံကြည်မှုရှိလာစေရန်၊ ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူ ကလေး ငယ်လေးများက ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပြိုင်ပွဲအသီးသီးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် တာဝန်ရှိသူများမှ ကြည့်ရှု့အားပေးခဲ့ရာ ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား  တာဝန်ရှိသူများက ဆုများအသီသီး ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။

ချိုချိုဝင်း(ပြန်/ဆက်)