ပုဏ္ဏားကျွန်းမြို့နယ်လုံးဆိုင်ရာ ၂၁ ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲ လှည့်လည်ပူဇော်

ပုဏ္ဏားကျွန်း ၊ နိုဝင်ဘာ ၁၆

 

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍  မြို့နယ်လုံးဆိုင်ရာ ၂၁ ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာ လှည့်လည် ပူဇော်ပွဲကို ယမန်နေ့၊ ညနေ(၃)နာရီက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ တစ်ဆင့် မြို့တွင်းလမ်းများ အတိုင်း လောကမာရဇိန်ဘုရားကြီးသိမ်တော်သို့ စီတန်းလှည့်လည်ပူဇော်ခဲ့ကြသည်။         

ထိုသို့လှည့်လည်ပူဇော်ရာတွင် ရခိုင်မင်္ဂလာစည်တော်များ တီးခတ်၍  ရခိုင့်ရိုးရာယဉ် ကျေးမှု ဝတ်စားဆင်ယင်မှုတို့ဖြင့် ကထိန်လျာမသင်္ကန်းနှင့်ငွေပဒေသာပင်အား ပင့်ဆောင်ကာ မြို့နယ်အုပ်ချုပ် ရေးမှူးရုံးမှတစ်ဆင့်  သာယာလမ်း၊ ဦးဥတ္တမလမ်း၊  မြို့တွင်း လမ်းမကြီးများ အတိုင်း လောကမာရဇိန်ဘုရားကြီးသိမ်တော်သို့ စီတန်း လှည့် လည်ပူဇော်ခဲ့ကြပြီး၊ နိုဝင်ဘာ  ၁၆ ရက်၊ နံနက်(၈)နာရီအချန်တွင် ပုရိမဝါမှ ထမြောက်တော်မူကြတော် သံဃာတော်အရှင်သူ မြတ်တို့အား ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရသည်။

နီထွန်းအောင်(ပြန်/ဆက်)