ဟားခါး နိုဝင်ဘာ ၁၅
ဟားခါးမြို့၌ ယမန်နေ့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၄ ဦး ထပ်မံတွေ့ရှိပြီး ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှုခံရနေသူများအနက် ၉ ပြန်လည်ကျန်းမာလာခဲ့ကြောင်း သိရသည်။
သံသယရှိသူ ၂၃ ဦးအား Test Kit ဖြင့် စစ်ဆေးရာ ၄ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခြင်းဖြစ်သည်။
ဟားခါးမြို့နယ်တွင် ဇွန်လ ၁၀ ရက်နေ့မှ ယနေ့အထိ ရောဂါပိုးတွေ့လူနာ ၁၃၁၅ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၁၂၅၄ ဦး၊ သေဆုံးသူ ၄၁ ဦး၊ ဆေးကုသမှုခံယူဆဲ ၂၀ ဦး ရှိသွားပြီဖြစ်ကြောင်း သိရသည်။
ခရိုင်