ငပုတော နိုဝင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသော အသက်(၁၂) နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့ မွန်းလွဲ(၃) နာရီအချိန်က ငပုတောမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (SINOVACထိုးနှံခြင်းကို) ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပထမအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းကို အောက်တိုဘာလ ၁၇ ရက်နေ့က ကျောင်းသား၊ ကျောင်းသူ(၇၈၃) ဦးအားထိုးနှံပေးခဲ့ပြီးဖြစ်ရာယနေ့တွင်ဒုတိယအကြိမ်ကာကွယ်ဆေထိုးနှံခြင်းကို နိုဝင်ဘာလ (၁၅ ) ရက်နေ့မှ (၂၀ ) ရက်နေ့အထိ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေး ထိုးနှံရန် လာရောက်ကြသော ကျောင်းသား/သူများအား မှတ်တမ်းများရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်းများဆောင်ရွက်ပေးပြီး ပုံမှန်ဖြစ်သော ကျောင်းသား၊ ကျောင်းသူများကိုသာ ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း၊ အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုများ လိုအပ်ပါက ကျန်းမာရေးဝန်ထမ်းများက ကုသပေးနိုင်ရန်ကြိုတင် စီစဉ်ထားကြောင်းသိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၏စီစဉ် ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း တာဝန်ခံ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းညိမ်းထံမှ သိရသည်။
နုနုအေး