သာပေါင်း နိုဝင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် အတွင်းရှိ လူမှုကူညီရေး အထောက် အကူပြုအဖွဲ့များမှ စေတနာ့ဝန်ထမ်း (၅၂) ဦးတို့အား ကျန်းမာရေး အထောက်အကူပြု ပစ္စည်း(၂၂) မျိုးတို့ကို ယမန်နေ့နေ့လည် ၁၁ နာရီခွဲခန့်က ပြည်အေးခန်းမ၌ လူမှုဝန်ထမ်း ဦးစီးဌာနမှ ဒုတိယအကြိမ် ပေးအပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်လူမှုဝန်ထမ်း ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်မြင့်တို့က ဒုတိယအကြိမ် မြို့ပေါ်နှင့် ကျေးရွာများရှိ လူမှုကူညီရေး အထောက်အကူပြုအဖွဲ့များရှိ စေတနာ့ဝန်ထမ်း (၅၂)ဦး တို့အား ကျန်းမာရေးအထောက်အကူပြု ပစ္စည်း (၂၂) မျိုးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ ကြကြောင်းသိရသည်။
မျိုးဇော်သိန်း