စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ မြို့ပေါ်ရပ်ကွက်ရှိကုန်စုံဈေးဆိုင်များတွင် စားသုံးရန် မသင့်သည့် သက်တမ်းလွန် အစား အသောက်ပစ္စည်းများ ရောင်းချခြင်းရှိ/မရှိစစ်ဆေး

ပင်လည်ဘူး ဩဂုတ် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌  ကသာခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ် သက်ဆိုင်ရာဌာနများပူးပေါင်း၍ မြို့ပေါ်ရှိကုန်စုံဈေးဆိုင်များ၊ စတိုးဆိုင်များနှင့် မုန့်ဆိုင်များတွင် စားသုံးရန်မသင့်သော သက်တမ်းလွန် အစားအသောက် ပစ္စည်းများ ရောင်းချခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့က စစ်ဆေး‌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ကသာခရိုင်စားသုံးသူရေးရာ ဦးစီးအရာရှိ ဦးစိန်ကျော်ဌေးနှင့် ဝန်ထမ်း အဖွဲ့များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကျော်မင်းစိုး၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဦးနေလင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုး နေတိုး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာတာဝန်ရှိသူ များပူးပေါင်း၍ မြို့ပေါ်ရှိကုန်စုံဈေးဆိုင်၊ စတိုးဆိုင်များတွင်ရောင်းချလျက်ရှိသော စားသောက် စရာ အချိုရည်များနှင့် မုန့်မျိုးစုံများအား စားသုံးရန်သင့်မသင့်နှင့် ကျန်းမာရေးနှင့် ညီညွှတ်မှု ရှိ/မရှိ၊ ပစ္စည်းများတွင် ကုန်ညွှန်းအမှတ်အသားတံဆိပ်ကပ်ထားပါရှိခြင်း ရှိ/မရှိတို့အား စစ်ဆေး မှုများပြုလုပ်ခဲ့ကြပြီး စားသုံရန်မသင့်သည့် ပစ္စည်းများကို သိမ်းဆည်းခဲ့ကြပြီး ဈေးဆိုင်ပိုင်ရှင် များအား မိမိတို့၏ ဈေးဆိုင်များတွင် စားသုံရန်မသင့်သော စားသောက်စရာများရောင်းချခြင်း မပြုကြရန် အသိပညာပေး ဆွေးနွေးပြောကြား ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မျိုးလွင်(ပင်လည်ဘူး)