လောင်းလုံး နို၀င်ဘာ ၁၅
တနင်္သာရီတိုင်းဒေကြီး၊ ထား၀ယ်ခရိုင်၊ လောင်းလုံးမြို့တွင် အသက်(၁၂)နှစ်ပြည့်ပြီးသော အလယ်တန်း၊ အထက်တန်း ကျောင်းသား/ကျောင်းသူများအား (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) ကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ် ပြည်သူ့ဆေးရုံ၌ လောင်းလုံးမြို့နယ်၊ ကျန်းမာရေးဦးစီးဌာနမှ ၀န်ထမ်းများက စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် လောင်းလုံးမြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်း စုရပ်၌ အသက်(၁၂)နှစ် ပြည့်ပြီးသော ပထမအသုတ်၊ ဒုတိယအကြိမ် အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ စုစုပေါင်း(၁၉၆)ဦးနှင့် ဒုတိယ အသုတ် ပထမအကြိမ် ကျောင်းသား/ သူပေါင်း(၃၆)ဦးတို့အား ကာကွယ်ဆေး ထိုးမှတ်တမ်းရေးသွင်း ခြင်းများ ဆောင်ရွက် ပေးပြီး ကျန်းမာရေးကောင်းသူများအား လောင်းလုံးမြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ၀န်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinovac)ကို စနစ်တကျထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို လောင်းလုံးမြို့နယ်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦး၏ ကြီးကြပ်မှုဖြင့်ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းအဖွဲ့က လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သိန်းသိန်း(လောင်းလုံး)