ဖလမ်း နိုင်ဝင်ဘာ ၁၅
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ဒေသခံဗုဒ္ဓဘာသာဝင်များနှင့်ဌာနဆိုင်ရာဗုဒ္ဓဘာဝင်များ၏ စုပေါင်း မဟာဘုံကထိန်ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက်၉ နာရီခွဲကဖလမ်းမြို့၊ကျင်မွာလ် ရပ်ကွက်၊ ရန်ပြေမာန်ပြေနိုင်ငံအေးအောင်တော်မူဓါတ်ပေါင်းစု ဆုတောင်းပြည့်စေတီကျောင်း တွင် ကျင်းပပြု လုပ်ကြောင်းသိရသည်။
ရှေးဦးစွာ နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ဗဟိုသာသနာ ပြုကျောင်းဆရာတော် ဦးအရိယဝံသထံမှငါးပါးသီလခံ ယူဆောက်တည် ကြသည်။ ဆက်လက်၍ ဆရာတော် သံဃာတော်အရှင်သူမြတ်များက ရွတ်ဖတ် သရဈ္ဇာယ်တော်မူသော အန္တရာယ်ကင်းပရိတ်တရာတော်များနာယူကြသည်။
ထို့နောက် ဖလမ်းမြို့နယ်၊ ဗါးရ်သသနာပြုဌာနကျောင်းအတွက် ဌာနဆိုင်ရာ ဗုဒ္ဓဘာသာဝင် များက ဆက်ကပ်လှူဒါန်းသောကထိန်လျာမြတ်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ရန်ပြေမာန်ပြေနိုင်ငံအေး အောင်တော်မူဓါတ်ပေါင်းစုဆုတောင်းပြည့်စေတီကျောင်းအတွက် စေတနာရှင်အလှူရှင်များက ဆက်ကပ် လှူဒါန်းသော ကထိန်လျာမြတ်သင်္ကန်းနှင့် လှူဖွယ် ဝတ္ထု ပစ္စည်းများကို ဖလမ်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် ဌာနဆိုင် ရာများ၊အလှူရှင်များက ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ဖလမ်းမြို့၊ တလန်လိုရပ်ကွက်၊ တစ်မိုင်သာသနာပြုကျောင်း ဆရာတော် ဦးပညာဇောတ ဟောကြားတော်မူသော ကထိန်အနုမောဒနာတရားနာယူပြီး နောက် လှူဒါန်း မှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြပြီး ဗုဒ္ဓသာသနံစိရံတိဌတု(၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ရုပ်သိမ်းဆရာတော်သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။
ကိုရှိန်း