စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကြို့ပင်ကောက် နိုဝင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် မြို့နယ်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အထိ ငါးနှစ်အတွင်း ဆောင်ရွက်သွားမည့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများ၊ အမှန်တကယ် လိုအပ်နေသောလုပ်ငန်းများ၊ ကျေးလက်ဒေသ သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးလင်းရေး ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်သောကြောင့် ဌာနဆိုင်ရာများအလိုက် မိမိတို့ဌာနလုပ်ငန်းများနှင့် ပတ်သက်သော မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို သေသေချာချာ လေ့လာပြီးမှ ရေးဆွဲဆောင်ရွက်ကြစေ လိုကြောင်း အဖွင့်အမှာစကား ပြောကြားပြီး ဌာနဆိုင်ရာများအလိုက် ဆောင်ရွက်သွားမည့် လုပ်ငန်း လျာထားချက်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇေယျာထွန်း