ဖာပွန်မြို့၌ စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ

ဖာပွန် နိုဝင်ဘာ ၁၅

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် စာရေးဆရာ ခင်စောတင့် ဘာသာပြန်ရေးသားသည့် "ခက်ခဲကျပ် တည်းသောအချိန်မှာ စိတ်ချမ်းမြေ့စရာ" စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၁)နာရီ အချိန်က ခရိုင်(ပြန်/ဆက်)ရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပ သည်။

 ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းခင်ခင်ထွန်းက စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် ဆွေးနွေးပွဲကို စတင်ဆွေးနွေးရာ Book Club အဖွဲ့ဝင် ဒေါ်မြတ်စုခိုင်က အကျပ်အတည်းများကို အောင်နိုင်ခြင်းခေါင်းစဉ်ဖြင့် လည်းကောင်း၊ Youth Club အဖွဲ့ဝင် မခင်အေးအေးဟန်က အခက်အခဲများကို ကျော်ဖြတ်ခြင်းခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက် လာကြသော စာပေဝါ သနာရှင်များကလည်း စာအုပ်ပါအကြောင်းအရာများကို ပြန်လည်ဆွေးနွေး ခဲ့ကြသည်။

အဆိုပါ စာဖတ်ဝိုင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ် - ၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ  ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

စိုင်းကျော်ဝဏ္ဏ(ပြန်/ဆက်)