ပလောက် နိုဝင်ဘာ ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ ကျောက်လုံးကြီး ကျေးရွာ အုပ်စုတွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် (၉) နာရီအချိန်က ကျောက်တောင်ကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ထိုးနှံပေးခဲ့ကြောင်း သိရ သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ပြည်သူ့ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ဒုတိယ အကြိမ် ထိုးနှံပေးခြင်းဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ၊ ပရဟိတအဖွဲ့များက ကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသူများကို QR Code ပါသည့် ကာကွယ်ဆေး(၂)ကြိမ် ထိုးပြီး ကြောင်း မှတ်တမ်းစာရွက်များကို ထုတ်ပေးလျက်ရှိကြောင်း၊ အဆိုပါ မှတ်တမ်းစာရွက်သည် ခရီးသွားလာသည့်အခါ ကာကွယ်ဆေးထိုးပြီးကြောင်း ထောက်ခံချက်ပါရှိမှသာ သွားလာရမည်ဖြစ်သည့် အတွက် ဆေးထိုးပြီးသူများ ထောက်ခံချက်ရယူကြရန်နှင့် ပျက်စီးမှုမရှိအောင် စနစ်တကျ သိမ်းဆည်းကြ ရန် လိုအပ်ကြောင်း မြို့ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
ဆက်လက်ပြီး ပုလောမြို့နယ်၊ ပလောက်မြို့၊ ပြည်ခြားကျေးရွာအုပ်စု၊ ခရစ်ယာန်ဘုရား ကျောင်းခန်းမ တွင်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
နှင်းမြူလွင် (ပလောက်)