ဖြူးမြို့နယ်တွင် စာရေးဆရာကျော်‌ဇောနိုင်၏ ဆရာဟူသည် စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်

ဖြူး နိုဝင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် ဖြူးမြို့နယ် Book Club အသင်းနှင့် ဖြူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကာ စာအုပ်စာပေးများကို စဉ်ဆက်မပြတ် ဖတ်မှတ်လေ့လာ နိုင်စေရေးအတွက် ရည်ရွယ်ပြီး ယနေ့ နံနက်(၁၁)နာရီက စာရေးဆရာကျော်‌ဇောနိုင်၏ ဆရာဟူသည် စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း  သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ဖြူးမြို့နယ် Book Club အသင်းဥက္ကဋ္ဌ၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းက စာပေဖတ်ရှုခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများနှင့် ပတ်သက်ပြီး အဖွင့်အမှာ စကားပြောကြားကာ ဖြူးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နွယ် နွယ်အေးက စာရေးဆရာကျော်‌ဇောနိုင်၏ ဆရာဟူသည်စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ် ချက်များအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဖြူးမြို့နယ် Book Club အသင်းမှ ဒေါ်သန်းသန်းစိုး၊ မမေပုဂံ၊ မစုစုတို့က  စာရေးဆရာကျော်‌ဇောနိုင်၏ ဆရာဟူသည် စာအုပ်မှ (ဆရာဟူသည်)၊ (ဆရာများကို ဘုရားသခင် စောင်မကြည့်ရှုပါ)၊ (ကမ္ဘာတစ်ဝန်းရှိ ကြီးကျယ်မြင့်မြတ်သော ဆရာများအားလုံးကို ကျေးဇူးတင် ဂါဝရပြုခြင်း)၊ ခေါင်းစဉ်များအား ဖတ်ကြားဆွေးနွေးခဲ့ကြသည်။

ထို့နောက်တက်ရောက်လာကြသော မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များက ပြန်လည် သုံးသပ်ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

နေမျိုးလွင်(ပြန်/ဆက်)