လှိုင်းဘွဲမြို့နယ်အတွင်းရှိ အသက် (၁၂)နှစ်အထက် အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများ ပထမအသုတ်(ဒုတိယအကြိမ်) ကိုဗစ် - ၁၉ရောဂါကာကွယ်ဆေး ထိုးနှံ

လှိုင်းဘွဲ    နိုဝင်ဘာလ   ၁၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ အသက် (၁၂)နှစ်နှင့်အထက် အလယ်တန်း၊ အထက်တန်း ကျောင်းသူ/ကျောင်းသားများအား ပထမအသုတ်(ဒုတိယအကြိမ်)ကိုဗစ် - ၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့ နံနက်ပိုင်းက ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ဆရာ/မများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ အောက်တိုဘာလ(၁၇)ရက်နေ့တွင် ပထမအသုတ်(ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးစီးသော လှိုင်းဘွဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက် ပိုင်းက ပထမအသုတ်(ဒုတိယအကြိမ်) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို လှိုင်းဘွဲမြို့ အထက ကျောင်း၊ ရွေဂွန်အထကကျောင်း၊မြိုင်ကြီးငူအထကကျောင်း၊ ပိုင်ကျုံမြို့ အထကကျောင်းနှင့်ရှမ်းရွာသစ်မြို့ အထကကျောင်း အဆိုပါစုရပ်(၅)ခုတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ သတ်မှတ်စည်းကမ်းချက် များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)