ဝေါလေမြိုင် နိုဝင်ဘာ ၁၅
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့ရှိ အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း ကျောင်းများမှ အသက် ၁၂ နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ပထမအသုတ် ဒုတိယ အကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinovac) ထိုးနှံပေးခြင်းအား ယနေ့နံနက် ၁၀ နာရီ က ဝေါလေမြိုင်မြို့၊ အခြေခံပညာ အထက်တန်းကျောင်း၌ ကာကွယ်ဆေးများ ထိုးနှံပေးသည်။
အဆိုပါကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ဝေါလေမြိုင်မြို့၊ အခြေခံပညာ အထက်တန်းကျောင်း၌ စုရပ်ပြုလုပ်၍ ဝေါလေမြိုင်မြို့နှင့် စုကလိမြို့ရှိ အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းကျောင်းမှ အသက် ၁၂ နှစ်အထက် ကျောင်းသား/ကျောင်းသူ ၅၂ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေး(Sinovac) ထိုးနှံပေးခဲ့သည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံသည့် အသက် ၁၂ နှစ်အထက် ကျောင်းသား/ ကျောင်းသူများအား ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပညာရေးဌာနမှဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
နိုင်မျိုးသင်း