ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများ ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံ‌ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက် ရှိရာ၊ ယခု ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းအဖြစ် ပင်လုံရပ်ကွက်၊ အထက- ကျုံပျော် ဆေးထိုးစုရပ်၌ နိုဝင်ဘာ ၁၅ ရက်က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆေးထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေယျမင်း၊အဖွဲ့ဝင်() ဗိုလ်မှူး သိန်းစိုးဝင်းနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှု အားပေးပြီး၊ ဆေးထိုးနှံမှု စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းတို့ကို ဆရာ ဆရာမများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ဆေးထိုးကြီးကြပ်အဖွဲ့များက စနစ်တကျ ကြီးကြပ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ကျုံပျော်မြို့နယ်တွင် ကျောင်းပေါင်း(၇၀)မှ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူ (၆၆၇၉) ဦးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinovac)အား ကာကွယ် ဆေး ထိုးအဖွဲ့ ()ဖွဲ့ ဖြင့် ပထမအကြိမ်ထိုးနှံပေးပြီးဖြစ်ကာ၊ ယခု နိုဝင်ဘာ ၁၅ ရက်မှစတင်ကာ ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးနေပြီဖြစ်ကြောင်း သိရသည်။

  

လပြည့်ဦး