မြောင်းမြမြို့ နိုဝင်ဘာ ၁၅
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ယမန်နေ့နံနက် ၉ နာရီ က ကံဘဲ့လေးကျေးရွာ သာသနာ့ကာရီ ဘုန်းတော်ကြီးကျောင်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာန မြို့နယ်ဦးစီးမှူးရုံးမှ လဝကမှူး ဒေါ်စိုးစိုးသိမ်းနှင့် ဝန်ထမ်းများက ကံဘဲ့လေး ကျေးရွာရှိ ပြည်သူ များမှ အသက် (၁၆)နှစ်အောက်(၁၁)ဦး၊ အသက် (၁၆-၁၈) နှစ် (၅) ဦး၊အသက်(၁၈)နှစ် အထက်(၂၈)၊တို့အား နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ထုတ်ပေး နိုင်ခဲ့ပြီး လဲလှယ် (၁၅)၊မိတ္တူ(၅၃) စုစုပေါင်း (၁၁၂) ဦးဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
စန္ဒာကြည်