ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူတစ်ဦး၏ ရင်တွင်း စကား သံများ

ပြည်ကြီးမဏ္ဍိုင်  နိုဝင်ဘာ  ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင်  ကိုဗစ် - ၁၉ ရောဂါ  ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို အဖွဲ့များခွဲ၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုခံခဲ့ရသော်လည်း ပြန်လည်ကောင်းမွန်လာ၍ လုပ်ငန်းခွင် ပြန်လည် ဝင်ရောက်နေသူ  ဒေါ်အိအိဖြိုး၏ ရင်တွင်းစကားသံများကို ယခုလို ဖော်ပြလိုက်ရပါသည်။

ဒေါ်အိအိဖြိုး  (အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ပြည်ကြီးမဏ္ဍိုင်) ကျွန်မကတော့ မြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ဒေါ်အိအိဖြိုးဖြစ်ပါတယ်။ ကျွန်မ အကြီးနေမကောင်းဖြစ်တော့ ကျွန်မလူနာစောင့်အဖြစ်နဲ့ ဆေးရုံလိုက်သွားရတယ်။ ဩဂုတ်(၂၅)ရက်နေ့မှာပေါ့။ ကျွန်မနဲ့ ကျွန်မအစ်မ () ယောက်လုံး ဆေးစစ်ရပါတယ်။ ဆေးစစ်တဲ့အခါမှာတော့ Positive ဖြစ်နေတယ်။ ကျွန်မ အကြီးကတော့ ဆုံးသွား ပါတယ်။ အကြီးဆုံးတော့ ကျွန်မတို့ ညီအမနှစ်ယောက်ဆေးရုံးကနေ ကိုဗစ်စင်တာမှာ သွားနေရပါ တယ်။ ဆိုးဆိုးဝါးဝါး ဖျားတာတော့မရှိပါဘူး။ နှာစေးတာလောက်ဘဲရှိပါတယ်။ ဒါကလည်း ဆေးထိုးထားလို့ ဆိုးဆိုးဝါးဝါး မခံစားရတာလို့ ထင်ပါတယ်။ ဆရာဝန်နဲ့ ဆရာမတွေကလည်း ကြည့်ပေးပါတယ်။ အားဆေးတွလည်း ပေးတယ်။ ကိုယ်ကျန်းမာဖို့အတွက် ဆရာဝန်နဲ့ဆရာမတွေ ညွှန်ကြားတဲ့ အတိုင်း လိုက်နာပြီးကိုယ်ခံအား ကောင်းအောင် နေတယ်။ အိပ်ရေးဝအောင်အိပ်တယ်။ အားရှိစေတဲ့ အစားအစာတွေ များများစားတယ်။ အစားအသောက်တွေကို အိမ်က လာပို့ပေးတယ်။ သက်မှတ်ရက်လည်းပြည့်တော့ ကိုဗစ်စင်တာ ကနေပြန်ရပြီးအိမ်မှာ Home Quarantine () ရက်နေထိုင်ပါတယ်။ကျွန်မပြောချင်တာကတော့ ကိုဗစ် ကာကွယ်ဆေးထိုးဖို့ နဲ့ကျန်းမာရေးဝန်ထမ်းတွေရဲ့ ညွှန်ကြားချက်ကို လိုက်နာဖို့ပဲဖြစ်ပါတယ်။ကိုဗစ် ကာကွယ်ဆေးထိုး ထားမယ်ဆိုရင်ရောဂါဖြစ်ရင်တောင်မှ ဆိုးဆိုးဝါးဝါး မခံစားရပါဘူး။ ဒါကြောင့် ကိုဗစ်ကာကွယ်ဆေးကို ထိုးဖို့တိုက်တွန်းကြောင်း ဒေါ်အိအိဖြိုးကပြော ကြားထားပါသည်။

ကေခိုင်ဝင်း(ပြန်/ဆက်)