ခမောက်ကြီး နိုဝင်ဘာလ၁၅
တနင်္သာရီတိုင်း ဒေသကြီး၊ကော့သောင်းခရိုင်၊ခမောက်ကြီးမြို့၊အခြေခံပညာအထက်တန်း ကျောင်းတွင် နှစ်စဉ်ပြုလုပ်လျက်ရှိသော ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းက အ.ထ.က ခမောက်ကြီးကျောင်းမှ ပညာရေးမိသားစုများ စုပေါင်း၍ ပြုလုပ်ခဲ့ ကြသည်။
အဆိုပါ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို ၊ကျောင်းအုပ် ဆရာကြီး ဦးတင်ကြိုင် ဦးဆောင်မှုဖြင့် အ.ထ.ကခမောက်ကြီးကျောင်းမှ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူ များ၊ကျောင်းအကျိုးတော်ဆောင်အဖွဲ့များက စုပေါင်း၍ဝါတွင်းကာလမှ ထမြောက်ကြကုန် သော သံဃာတော်အရှင်သူမြတ်များအား ကထိန်ခင်းသည့် အချိန်အခါကာလသာမယ၌ ကထိန်လျာသင်္ကန်းဆက်ကပ် လှုဒါန်းခြင်း၊ငွေပဒေသာပင်ကပ်လှူခြင်း၊ ဆွမ်းခဲဖွယ်၊လှူဖွယ် ဝတ္ထုအစုစုတို့ကိုဆက် ကပ်လှူဒါန်းခြင်း အစရှိသော ကုသိုလ်ကောင်းမှုများ ပြုလုပ်ခဲ့ကြ သည်။
ရူပါမြင့် (ခမောက်ကြီး)