ဘုတ်ပြင်း နိုဝင်ဘာ ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား ယမန်နေ့ နံနက်(၉)နာရီက ထောင်စုံမဟက်ကျေးရွာအုပ်စုရှိ ချောင်းတားစူးကျေးရွာတွင်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဘုတ်ပြင်း မြို့နယ်ရုံးမှ ၀န်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်ပေးရာတွင် အိမ်ထောင်စုစာရင်းရှိပြီး အသက်(၁၀)နှစ်အထက်ရှိသူများ၊ အသက်(၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးခြင်း၊ အသစ်လဲလှယ်ပေးခြင်း၊ လက်ရှိဒေသတွင် အမြဲနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ်မရှိသူများကိုလည်း ဆောင်ရွက်ပေးရမည့်နည်းလမ်းများနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသာစိစစ်ရေးကတ်ပြားများ ကိုင်ဆောင်နိုင်သည့် အခွင့်အရေးရရှိရန် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြရာ နိုင်ငံသားစိစစ်ရေးကတ်(၇၉)ဦး၊ အိမ်ထောင်စုလူဦးစာရင်း (၉၀) ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ရပ်ကွက်များ၊ ကျေးရွာများအလိုက်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိ ကြောင်းမြို့နယ်ဦးစီးမှုးထံမှသိရသည်။
မြို့နယ်(ပြန်/ဆက်)