ကျိုက်ဒုံမြို့၌ စတုတ္ထအသုတ် ၊ပထမအကြိမ်အသက် ၁၈ နှစ်နှင့် အထက်၊ပြည်သူ (၃၀၀)ဦးအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေး

ကျိုက်ဒုံ  နိုဝင်ဘာလ  ၁၅

ကရင်ပြည်နယ်ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ဟောင်သရောခန်းမ၌ နိုဝင်ဘာလ ဒုတိယအပတ် အတွင်း၌ တိုက်နယ်ဆရာဝန်ဒေါက်တာမန်းမင်းနိုင်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ တာဝန်ရှိသူများက ကျိုက်ဒုံမြို့ပေါ်နှင့် ကျေးရွာများတွင်နေထိုင်သည့် ပြည်သူစတုတ္ထအသုတ်၊ ပထမအကြိမ်အသက် ၁၈ နှစ်နှင့် အထက်၊ပြည်သူ (၃၀၀)ဦးအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးရန် လာရောက်သည့်ပြည်သူများကို မြို့အုပ်ချုပ်ရေးမှူးနှင့်စာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ကျန်းမာရေးဌာနမှ ဝန်ထမ်းများမှ သွေးပေါင်ချိန်ပေးခြင်း၊ ကျန်းမာ ရေးစစ်ဆေးပေးခြင်း၊ စာရင်းရေးသွင်းခြင်း၊လိုအပ်သည်များကို ကူညီပေးခြင်း၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီထိုးနှံပေးခဲ့သည်။

ဆက်လက်၍ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသသည့် ပြည်သူများအား ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ကြောင်းသိရသည်။

သန်းထွန်းနိုင်(ကျိုက်ဒုံ)