ပိုင်ကျုံ နိုဝင်ဘာ ၁၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာ မှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေး၊ မြို့သာယာလှပရေးတို့အတွက် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်တွင် ငွေလုံးငွေရင်း အသုံးစရိတ် ငွေကျပ်(၁၂.၄၀)သန်းဖြင့်ပိုင်ကျုံမြို့၊ အမှတ်(၄)ရပ်ကွက်၊ တောင်ပို့ လမ်းတွင် ကွန်ကရစ်လမ်းလုပ်ငန်း ဆောင်ရွက်ခြင်းလုပ်ငန်းကို ယမန်နေ့တွင် စတင် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထိုသို့လုပ်ငန်းဆောင်ရွက်ရာတွင် အရှည်(၃၆၀)ပေ၊ အကျယ်(၁၆)ပေ၊ ထု(၆)လက်မရှိ ကွန်က ရစ်လမ်း ခင်းခြင်းလုပ်ငန်းကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အငယ်တန်းအင်ဂျင်နီယာ-၂ ဒေါ်သိမ့်သိမ့်မှကြီး ကြပ်ဆောင်ရွက် လျက်ရှိကြာင်းသိရသည်။
အဆိုပါလုပ်ငန်းပြီးစီးပါက မြို့သာယာလှပစေပြီး အများပြည်သူများ၏ လူနေမှုဘဝနှင့်သွားရေး လာ ရေးအတွက်အဆင် ပြေလွယ်ကူလာမည် ဖြစ်ကြာင်းသိရသည်။
ပိုင်ကျုံ(ပြန်/ဆက်)