ဗန်းမောက်မြို့ ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြကျေးရွာ၌ မိုးစပါး စံကွက်ရိတ်သိမ်းပွဲကျင်းပ

ဗန်းမောက် နိုဝင်ဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာ၌ မိုးစပါးစံကွက်ရိတ်သိမ်းခြင်း အခမ်းအနားကို ယမန်နေ့ညနေပိုင်း က လယ်နက်ကြီးအုပ်စု၊ နားယကာကျေးရွာ တောင်သူဒေါ်မယ်သန်း၊ ကွင်းအမှတ်(၂၉၇) ဦးပိုင်အမှတ် (၂၄၁/က) စိုက်ဧရိယာ (.၀၀) ဧက၊ မိုးစပါးဆင်းဧကရီ () စံပြကွက်တွင် စံကွက်ရိတ်သိမ်းပွဲကို ကျင်းပခဲ့ရာ (.၁၀)ဧက စံကွက်ရိတ်သိမ်းရာ()ဧက အစိုထွက်(၁၂၀.၂၅)တင်း ထွက်ရှိကြောင်း သိရသည်။

အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းခြင်း အခမ်းအနားသို့ ကသာခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးသန်းဌေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဟန်စိုးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တောင်သူများ တက်ရောက်ခဲ့ကြပြီး မိုးစပါးစံကွက်ရိတ်သိမ်းခြင်း၊ ခြွေလှေ့ခြင်း၊ ချိန်တွယ်ခြင်းနှင့် စံနှုန်းသတ်မှတ်ခြင်း အဆင့်ဆင့်ဆောင်ရွက်မှုတို့ကို ကြည့်ရှုအားပေး ခဲ့ကြကြောင်း သိရသည်။

မေသူဟန် (ဗန်းမောက်)