ပိုင်ကျုံ ဩဂုတ် ၂၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ ကျေးရွာအုပ်စုများတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နေစဉ်ကာလအတွင်း နိုင်ငံတော်အစိုးရမှ အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများပေးအပ်ရာတွင် ဌာနဆိုင်ရာများနှင့် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများကပူးပေါင်း ၍ လိုက်လံထောက်ပံ့ပေးလျက်ရှိရာ နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသောအခြေခံ လူတန်းစားအိမ်ထောင်စုများမိသားစု စားဝတ်နေရေးအဆင်ပြေစေရန်နှင့် အလုပ် အကိုင်အခက်အခဲများဖြစ်ခဲ့မှုအပေါ် ယခုလို ငွေကြေးထောက်ပံ့ပေးအပ်ရခြင်းဖြစ်ပြီး အိမ်ထောင်စုတစ်စုလျှင် (၂၀၀၀၀) ကျပ်နှုန်းဖြင့် ယနေ့နံနက်ပိုင်းတွင် ပိုင်ကျုံမြို့အတွင်းရှိ အမှတ်(၁)ရပ်ကွပ်တွင် အိမ်ထောင်စု (၄) စုအတွက်ထောက်ပံ့ငွေ (၈၀၀၀၀) ကျပ်၊ အမှတ် (၂) ရပ်ကွက်တွင် အိမ်ထောင်စု (၃၀) စု အတွက်ထောက်ပံ့ငွေ (၆၀၀၀၀၀) ကျပ်၊ အမှတ် (၃) ရပ်ကွက်တွင် အိမ်ထောင်စု (၇) စုအတွက် ထောက်ပံ့ငွေ (၁၄၀၀၀၀) ကျပ်၊အမှတ် (၄) ရပ်ကွက်တွင် အိမ်ထောင်စု (၄၁) စုအတွက် ထောက်ပံ့ငွေ (၈၂၀၀၀၀) ကျပ်၊ မိုးနိုင်းကျေးရွာအုပ်စုတွင် အိမ်ထောင်စု (၂၇၀) စုအတွက် ထောက်ပံ့ငွေ (၅၄၀၀၀၀၀) ကျပ်နှင့် ကစိုကျေးရွာအုပ်စုတွင် အိမ်ထောင်စု(၆၃)စုအတွက် ထောက်ပံ့ငွေ (၁၂၆၀၀၀၀) ကျပ်၊ နောင်ခလုံးကျေးရွာအုပ်စုတွင် အိမ်ထောင်စု (၂၂) စုအတွက် ထောက်ပံ့ငွေ (၄၄၀၀၀၀) ကျပ်၊ ကြက်တူရွေးကျေးရွာအုပ်စုတွင် အိမ်ထောင်စု (၁၄၃) စုအတွက် ထောက်ပံ့ငွေ (၂၈၆၀၀၀၀) ကျပ်၊ ထန်းတပင်ကျေးရွာအုပ်စုတွင် အိမ်ထောင်စု (၁၉၅) စုအတွက် ထောက်ပံ့ငွေ (၃၉၀၀၀၀၀) ကျပ်နှင့် လော်ကော်ကျေးရွာအုပ်စုတွင် အိမ်ထောင်စု (၂၁၀) စုအတွက် ထောက်ပံ့ငွေ (၄၂၀၀၀၀၀) ကျပ်တို့ကို ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ပိုင်ကျုံ(ပြန်/ဆက်)