တောင်တွင်းကြီးမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ပြပွဲ၊ ပြိုင်ပွဲ၊ ဟောပြောပွဲများကျင်းပ

တောင်တွင်းကြီး နို၀င်ဘာ ၁၅

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမတွင် ယနေ့နံနက် (၁၀)နာရီအချိန်က (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ပြပွဲ၊ ပြိုင်ပွဲ၊ ဟောပြောပွဲများကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ တောင်တွင်းကြီးမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမိုးမိုးမြင့် က အမျိုးသားနေ့စတင်ဖြစ်ပေါ်လာပုံအကြောင်း သိကောင်းစရာများအား ဟောပြောခဲ့ပြီး ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲများအား ကျင်းပခဲ့သည်။

ဆက်လက်၍ ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား တာ၀န်ရှိသူများက ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲ၀င်ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် အမျိုးသားနေ့အကြောင်း သိကောင်းစရာ နံရံကပ်စာစောင်များအား ကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားအား တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအလယ်တန်းကျောင်း (မြို့မ) တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)