မြင်းမူ နိုဝင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက်ပိုင်း က စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့မှကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးနည်းလမ်းများနှင့် အညီ စာဖတ်ဝိုင်းဆွေးနွေးပွဲဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ မြို့နယ်ဦးစီးအရာရှိ (တာဝန်ပေး) ဦးနေလင်းအောင် က စာကြည့်တိုက်များတွင် စာဖတ်ဝိုင်းများပြုလုပ်ပေးရခြင်းနှင့် ပတ်သက်၍ အသိပေးပြောကြားပြီး စာဖတ်သူများ စုပေါင်းရွေးချယ်ထားသည့် စာရေးဆရာ လွင်သူဦး ရေးသားသည့် တိုင်းပြည်တည်ဆောက်ခြင်း အနုပညာစာအုပ်မှ ရေရှည်မျှော်တွေးနိုင်ငံအရေး ခေါင်းစဉ်ကို စာပေဝါသနာရှင် ဦးစိုးစံမှ လည်းကောင်း၊ တိုင်းပြည်တည်ဆောက်ခြင်း အနုပညာခေါင်းစဉ်ကို မောင်ဟိန်းထက်အာကာစိုးမှ လည်းကောင်း၊ အသိ၊ သတိ တာဝန်ရှိခေါင်းစဉ်ကို ရုပ်သံကျွမ်းကျင်(၃) ဒေါ်မြင့်မြင့်မိုးမှ လည်းကောင်း၊ စာကြည့်တိုက်မှုး ဒေါ်သူက သင်ယူလေ့လာဘဝတစ်သက်တာ ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြင်းမူမြို့နယ်ရုံး အနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ စာကြည့်တိုက်များ ဖွင့်လှစ်ပေးခြင်း၊ စာဖတ်ဝိုင်းများကျင်းပပေးခြင်း၊ ပြပွဲ၊ ပြိုင်ပွဲများကျင်းပပေးခြင်း လုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အောင်စိုးဖေ(မြင်းမူ)