မင်းဘူးခရိုင် Community Centre တွင် အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ

မင်းဘူး   နိုဝင်ဘာ   ၁၅

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပြန်ကြားရေးနှင် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ယနေ့နံနက် နာရီအချိန် က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့တို့ ပူးပေါင်းပြီး အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်၍ ဆွေးနွေးပွဲကျင်းပခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သူဇာစိုး က ဆွေးနွေးပွဲတွင် အမျိုးသားနေ့မှ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာရခြင်းအကြောင်း၊ မျိုးချစ်စိတ်နှင့် ကျွန်စိတ်များအကြောင်းကို မေးမြန်းဆွေးနွေးခဲ့သည်။

ထိုသို့ မေးမြန်းဆွေးနွေးမှုအပေါ် Book Club အဖွဲ့ အတွင်းရေးမှူး ဦးဌေးလွင် က ဗြိတိသျှအစိုးရက ၁၉၂၀ ခုနှစ် ဒီဇင်ဘာ ရက်နေ့တွင် ဥပဒေသစ်တစ်ရပ် အတည်ပြု ထုတ်ပြန်ခဲ့တာကြောင့် ဒီဇင်ဘာ ရက်နေ့တွင် ကျောင်းသားသပိတ် ဖြစ်ပေါ်လာပြီး ရန်ကုန်ယူနီဗာစတီ အက်ဥပဒေကို သပိတ်မှောက်ရန် ရွှေတိဂုံရင်ပြင် စနေထောင့်တွင် ရန်ကုန်ကောလိပ်ကျောင်းသား ၁၁ ဦးဟာ သစ္စာအဓိဌာန်ပြုကာ မြန်မာသက္ကရာဇ် ၁၂၈၂ ခု တန်ဆောင်မုန်းလဆုပ် ရက်၊ ၁၉၂၀ ဒီဇင်ဘာ ရက်နေ့မှာ သပိတ်မှောက်ခဲ့ကြပြီး ထိုသပိတ်မှောက်သည့်နှစ်တွင် နဝမမြောက် ပြည်လုံးကျွတ် ကွန်ဖရင့် အစည်းအဝေးဖြစ်ပေါ်၍ ထိုအစည်းအဝေးသို့ တက်ရောက်လာကြသူများက တိုင်ပင်နှီးနှော စိစစ်ဆွေးနွေးကာ တန်ဆောင်မုန်းလဆုပ် ၁၀ ရက် ကျောင်းသားများ သပိတ်မှောက်သည့်နေ့ကို အမျိုးသားနေ့ဟု တညီတညွတ်တည်း သတ်မှတ်ခဲ့ကြသည်။ ထို့ကြောင့် ၁၉၂၀ ခုနှစ်မှ ခေတ်အဆက် ဆက်က  ယနေ့အထိ ကျင်းပခဲ့ကြသည့် နေ့ထူးနေ့မြတ် ဖြစ်သည့်အပြင် နယ်ချဲ့အစိုးရကို အောင်ပွဲခံခဲ့သည့်နေ့ ဖြစ်သောကြောင့် အမျိုးသားအောင်ပွဲနေ့ဟု ခေါ်ဆိုကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဆရာကြီး ဦးမြလွင် က မျိုးချစ်စိတ်ဆိုသည်မှာ ကိုယ့်လူမျိုး၊ ကိုယ်တိုင်းပြည်၊ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ဘာသာ၊ ကိုယ်စကား၊ ကိုယ့်စာပေ၊ ကိုယ့်ဓလေ့ထုံးစံစသည်ဖြင့် ချစ်ခင်တွယ်တာ မြတ်နိုးသောစိတ်၊ ဂုဏ်ယူလိုသောစိတ်၊ ကာကွယ်လိုသောစိတ်၊ တန်ဖိုးထား လိုသော စိတ်ဓာတ်ကို မျိုးချစ်စိတ်ဟုခေါ်ကြောင်း၊ ယင်းစိတ်ဓာတ်ကို အရင်းခံတဲ့ဝါဒကို တိုင်းချစ်ပြည်ချစ်ဝါဒဟုခေါ်ကြောင်း၊ ကျွန်စိတ်ဆိုသည်မှာ ကိုယ့်မိသားစု၊ ကိုယ့်ဘဝကောင်းစားဖို့ သာလျှင် အဓိကထား၍ ဘယ်သူသေသေ ငတေမာလျှင်ပြီးရောဆိုသည့် စကားအတိုင်း ကိုယ့်ဘဝကောင်းစားရေးကိုသာ ဦးတည်၍ ဆောင်ရွက်ကြသူများ ဖြစ်ကြသည်။ ဒါကြောင့် တမျိုးသားလုံးက ကျွန်စိတ်ကို မျိုးချစ်စိတ်ဖြင့် တိုက်ထုတ်၍သာ အောင်မြင်မှု ပန်းတိုင်ကို ရောက်ခဲ့ရသည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ဇေယျာထက်(မင်းဘူး)