ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် မိုးညိုမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း သွားရောက် ကြည့်ရှု့

မိုးညို နိုဝင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် ယမန်နေ့ နေ့လည်ပိုင်းက၊ သာယာဝတီ ခရိုင်၊ မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ရောက်ရှိလာရာမြို့နယ် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများက ကြိုဆိုခဲ့ကြသည်။

ရှေးဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့ဝင်များသည် မိုးညိုမြို့နယ် ရွှေဥဒေါင်းရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ဆေးရုံဝန်းအတွင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဝယ်ယူထားသည့် Oxygen Plant စက်တန်ဖိုးငွေ ကျပ် ၁၀၇,၂၅၀,၀၀၀/- (ကျပ် တစ်ထောင့်ခုနှစ်ဆယ်နှစ်သိန်းငါးသောင်း တိတိ) ဖြင့် တပ်ဆင်ပြီးစီး၍ စတင်လည်ပတ်လျက်ရှိသည့် အောက်စီဂျင်စက်ရုံအား သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ပြီး ဌာနဆိုင်ရာများအား လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ထိန်တောကျေးရွာသို့ သွားရောက်ပြီး ထိန်တောစျေးနှင့် ထိန်တောတိုက်နယ်ဆေးရုံတို့အား ကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များအား လမ်းညွှန် မှာကြားကာ လက်ပံတန်းမြို့နယ်ဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။

ကိုမင်း(မိုးညို)