ခမောက်ကြီး နိုဝင်ဘာ ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ အခြေခံပညာ အထက်တန်း ကျောင်းတွင် နှစ်စဉ်ပြုလုပ်လျက်ရှိသော ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ပိုင်းက အ.ထ.က ခမောက်ကြီးကျောင်းမှ ပညာရေးမိသားစုများ စုပေါင်း၍ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို ကျောင်းအုပ်ဆရာကြီး ဦးတင်ကြိုင် ဦးဆောင် မှုဖြင့် အ.ထ.က ခမောက်ကြီးကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်း အကျိုးတော်ဆောင်အဖွဲ့များက စုပေါင်း၍ ဝါတွင်းကာလမှ ထမြောက်ကြကုန်သော သံဃာ တော် အရှင်သူမြတ်များအား ကထိန်ခင်းသည့် အချိန်အခါကာလသာမယ၌ ကထိန်လျာ သင်္ကန်း ဆက်ကပ်လှုဒါန်းခြင်း၊ ငွေပဒေသာပင်ကပ်လှူခြင်း၊ ဆွမ်းခဲဖွယ် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခြင်း အစရှိသော ကုသိုလ်ကောင်းမှုများ ပြုလုပ်ခဲ့ကြသည်။
ရူပါမြင့် (ခမောက်ကြီး)