ကျိုက်ဒုံမြို့၊ ဝက်ဒုံကျေးရွာတွင် မိုးစပါးရာသီ ဆင်းသုခစပါးမျိုး၊ မျိုးစေ့ထုတ်စိုက်ခင်း စံကွက်ရိတ်သိမ်း

ကျိုက်ဒုံ နိုဝင်ဘာလ ၁၅

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဝက်ဒုံကျေးရွာတောင်သူ ဦးတင်ဝင်း၏ မိုးစပါးရာသီဆင်းသုခစပါးမျိုး၊ မျိုးစေ့ထုတ်စိုက်ခင်းတွင် စံကွက်ရိတ်သိမ်းခြင်း လုပ်ငန်း များ ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ ဆောင်ရွက်ရာတွင် စံကွက်ရိတ်သိမ်းမှုအရ တစ်ဧက စိုက်ကိုယ်စားပြုကောင်း၊ သင့်၊ ညံ့ အထွက် နှုန်း (၇၈.၁၂) တင်း၊ ပျှမ်းမျှ အစိုနို့ဆီဗူး(၁၀) ဘူး ထွက်ရှိခဲ့ပါသည်။ ယခုစံကွက်ရိတ် သိမ်းသော စံကွက် ကို နမူနာယူပြီး ကောက်ကွက်ပြည့်မှီစွာ စိုက်ပျိုးခြင်း၊ စိုက်ပျိုးနည်း စနစ်မှန်ကန်စွာ လိုက်နာ ဆောင်ရွက်ပါက အထွက်နှုန်းပိုမို ထွက်ရှိလာနိုင်ကြောင်း ရည်ရွယ်ချက်ဖြင့် စံကွက် ရိတ်သိမ်း ရခြင်းဖြစ် ကြောင်း ကျိုက်ဒုံမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်လှမြင့်ထံမှ သိရသည်။

သန်းထွန်းနိုင် (ကျိုက်ဒုံ)