ထားဝယ် နိုဝင်ဘာ ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများကို မေတ္တာမြို့၊ ဟိန္ဒားကျေးရွာ အုပ်စုများ၌ နိုဝင်ဘာ ၆ ရက်နေ့မှ ၁၃ ရက်နေ့ အထိ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးကျော်ကျော်နိုင်နှင့် ဝန်ထမ်းများကလူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ကျေးရွာနေပြည်သူများ အား နိုင်ငံသားစိစစ်ရေးကတ်ပြား (၃) က ၁၇၅ ခု၊ ၆(က)၁၄၂ ခု၊ လဲလှယ် ၇၁ ခု၊ မိတ္တူ ၅၄ ခု နှင့် အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ(ဃ)ဖြင့် အိမ်ထောင်စု (၁၇၉)ခု၊ ပုံစံ(ဂ)ဖြင့်အိမ်ထောင်စု(၁၀၉)ခု၊ အိမ်ထောင်စု လူဦးရေစာရင်း (၁၂၃) ခု၊ အိမ်ထောင်စုလူဦးရေစာရင်း (မိတ္တူ) (၁၀၃) ခု ကို ဆောင်ရွက် ပေးခဲ့သည်။
ထားဝယ်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ် မျိုးမျိုး ထုတ်ပေးရေး လုပ်ငန်များကို (၃.၅.၂၀၂၁) ရက်နေ့မှ (၃.၁၁.၂၀၂၂) ရက်နေ့အထိ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ထားဝယ်ခရိုင် (ပြန်/ဆက်)