ပန်းတောင်း နိုဝင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစံကွက် ရိတ်သိမ်းပွဲ အခမ်းအနားကို ယနေ့နံနက် ၇.၀ဝ နာရီအချိန်က နတ်မောက်ကျေးရွာအုပ်စု၊ ရေဝင်ကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်အဆင့် မိုးစပါးစံကွက် ရိတ်သိမ်းပွဲတွင် နတ်မောက်ကျေးရွာအုပ်စု၊ ရေဝင်ကျေးရွာတောင်သူ ဦးဌေးဦး၏လယ်တွင် ကွင်းအမှတ် ၉၈၊ ဦးပိုင်အမှတ် ၆၆/၁၊ စပါးမျိုးအမည်မှာ မော်ဘီ-၂ ဖြစ်ပြီး မျိုးစေ့အဆင့် RS မျိုးစပါးဖြစ်ပြီး စပါးသက်တမ်း ၁၄၅ ရက်ကြာမှသာ မိုးစံပါးစံကွက် ရိတ်သိမ်းခဲ့၍ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးသင်းက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးအေးကြိုင်၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်သူ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းအေးတို့က တက်ရောက်ခဲ့ကြောင်း သိရသည်။
သင်းသင်းအေး