ရေဖြူမြို့နယ်၊ ရာဖူးကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား များ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ရေဖြူ  နိုဝင်ဘာ ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင်   လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနဌာနမှ  “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့် အညီ နိုဝင်ဘာ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့များတွင် ရာဖူးကျေးရွာအုပ်စုရှိ ပြည်သူများအတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ကျေးရွာများ အရောက် ကွင်းဆင်းဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်၏ဦးဆောင်မှုဖြင့် ဝန်ထမ်းများက ရာဖူးကျေးရွာ အုပ်စုရှိ  ကျေးရွာနေ ပြည်သူများအား အိမ်ထောင်စုစာရင်း (၂၁) စောင်၊ နိုင်ငံသား စိစစ်ရေး ကတ် အသက် (၁၀) နှစ်ပြည့် (၁၅၉)ဦး၊ အသက် (၁၈) နှစ်ပြည့် (၃၄)ဦး၊ မိတ္တူ(၁၃)ဦး၊ လဲလှယ် (၈၅)ဦး စုစုပေါင်း(၂၉၁)ဦး တို့အားဆောင်ရွက်ပေး နိုင်ခဲ့ကြောင်းသိရသည်။

ခတ္တာ