ပေါင်းတည်မြို့ ဘုရားကြီးတိုက်ဝန်းအတွင်းနှင့် မင်းသားကြီးကန်တော်ရေကန်တို့၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ပေါင်းတည် နိုဝင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် မီးသတ်ဦးစီးဌာနက ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဖြစ်သည့် ဘုရားကျောင်းကန် ပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေး ရည်ရွယ်ချက်ဖြင့် ယနေ့နံနက် ၈နာရီက ပေါင်းတည်မြို့၊ စျေး(၂)ရပ်ကွက်ရှိ ဘုရားကြီးတိုက်ဝန်းအတွင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့် မင်းသားကြီးကန်တော်ရေကန် ပတ်ဝန်းကျင်ကို သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း အပြင်ရှိ မြက်ပင်နွယ်ပင်များနှင့် ရေကန်ဘေးပတ်ဝန်းကျင်ရှိ မြက်ပင်နှင့် အမှိုက်သရိုက်များကို မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးစည်သူဝင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေးအေးဆင့်