ထားဝယ် နိုဝင်ဘာ ၁၅
မြန်မာနိုင်ငံသားတိုင်ရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေး ရေးလုပ်ငန်းများကို လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရေဖြူမြို့နယ် ဦးစီးမှူးရုံးက ကွင်းဆင်းဆောင်ရွက်ပေး လျက်ရှိရာ နိုဝင်ဘာ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့များတွင် ရေဖြူမြို့နယ်၊ ရာဖူးကျေးရွာအုပ်စု၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုနောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရေဖြူမြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်နှင့် ဝန်ထမ်းများက ဆောင်ရွက်ပြီး စီးသည့် (၁၀) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၃) က ၁၅၉ ခု၊ (၁၈) နှစ်ပြည့် ၆ (က) ၃၄ ခု၊ လဲလှယ် ၈၅ ခု၊ မိတ္တူ ၁၃ ခု နှင့် အိမ်ထောင်စုလူဦးရေစာရင်း (၂၁) ခုတို့ကို ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။
ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ် ပေးရေး လုပ်ငန်းများကို (၃.၅.၂၀၂၁) ရက်နေ့မှ (၃.၁၁.၂၀၂၂) ရက်နေ့အထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ထားဝယ်ခရိုင် (ပြန်/ဆက်)