လပွတ္တာ နိုဝင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ကြီးမှူးကျင်းပသော ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ယနေ့ နံနက် ၈:၀၀ နာရီအချိန်တွင် ကျင်းပဆောင်ရွက်ကြောင်း သိရှိရသည်။
စုပေါင်း မဟာ ဘုံကထိန်ပွဲတော် ကို(၃)မိုင် မြို့၊ မြသိန်းတန်ဘုန်းတော်ကြီကျောင်း၌ ကျင်းပ ဆောင်ရွက်ပြီး သံဃာတော် အရှင်သူမြတ် (၁၅)ပါးအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းသည်။ ကျပ်(၇)သိန်းကျော် တန်ဖိုးရှိပဒေသာပင် (၁)ပင်နှင့် လှူဖွယ်ပစ္စည်း စုံလင်စွာ ဆပ်ကပ်လှူဒါန်းသည်။
အဆိုပါ စုပေါင်း မဟာဘုံကထိန် ပွဲတော်အား ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့် ဦးဆောင်သော ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် စီမံ အုပ်ချုပ်ရေး အဖွဲ့၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများမှ မဟာဘုံကထိန်ပွဲတော် အလှူအား စုပေါင်း၍ လှူဒါန်းပြီး ရေစက်သွန်းချ အမျှအတန်းပေး ဝေကြကြောင်း သိရသည်။