ကရသူရိ နိုဝင်ဘာ ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန့်နေ့မွန်လွဲပိုင်းက အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ခြင်းကို ကျောင်းသား/သူများ ကျောင်းပိတ်ရက်အတွင်း ကျောင်းစာများအပြင် ပြင်ပ ဗဟုသုတများ ရရှိရေးအတွက် (၁၀၁) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့၏ သိမှတ်ဖွယ်ရာများ၊ အမျိုးသားနေ့ ဖြစ်ပေါ်လာပုံများကို မြို့ဦးစီးမှူး ဒေါ်အေးအေးသန်းက အသိပညာဗဟုသုတရရှိရေး ပြောကြားပြီး မူလတန်းအဆင့် ကျောင်းသား/သူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက် များနှင့်အညီ ဆေးရောင်ခြယ်ပြိုင်ပွဲကို ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆေးရောင်ခြယ်ပြိုင်ပွဲသည် ကျောင်းသား/သူများ၏ အားလပ်ရက်တွင် မိမိတို့၏ဝါသနာ ထုံရာ များကို အသိပညာဖွံဖြိုးတိုးတက်ရေးအတွက် ပြည်သူ့စာတိုက်တွင် ပြိုင်ပွဲများကျင်းပရခြင်းဖြစ် ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)