စုကလိ နိုဝင်ဘာ ၁၅
ကရင်ပြည်နယ်၊ မြဝတီခရိုင် စုကလိမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေ ဖြင့် အများပြည်သူများအား အသိပညာပေးလုပ်ငန်းများအား အွန်လိုင်းမှတဆင့်သော် လည်းကောင်း၊ပြည်သူထံသို့ တိုက်ရိုက်သော်လည်းကောင်း စဥ်ဆက်မပြတ်ဆောင်ရွက်လျက် ရှိရာ နိုဝင်ဘာ (၂၈) ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်ပြည့် အမျိုးသားအောင်ပွဲနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် နံရံကပ်စာစောင် ပြသခြင်းလုပ်ငန်းအား ယနေ့နံနက် ၁၀ နာရီ အချိန်က စုကလိမြို့ပြည်သူ့စာကြည့်တိုက် ထာဝစဉ် မမေ့ (၁၀၁)နှစ်ပြည့်အမျိုးသားအောင်ပွဲနေ့ ခေါင်းစဉ်ဖြင့် ပြဘုတ်အား ပြသဆောင်ရွက်ခဲ့သည်။
အဆိုပါ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ပြဘုတ်တွင် ကျွန်ပညာရေးစနစ်အား စတင် သပိတ်မှောက်ရန် မျိုးချစ်ကျောင်းသားများ၏ ဓာတ်ပုံများ၊ ခေတ်အဆက်ဆက် တာဝန်ထမ်း ဆောင်ခဲ့သော အမျိုးသား ပညာဝန်များ၊ ကျောင်းသားသပိတ်စတင်တော်လှန်ရာတွင် ပထမဆုံး အသုံးပြုခဲ့သည့် တံဆိပ်ခေါင်းဓာတ်ပုံ အမျိုးသားနေ့နှင့်ပတ်သက်သည့် ပန်းချီ ကာတွန်းများ၊ ကဗျာ ဆောင်းပါးများ၊ အမျိုးသားအောင်ပွဲနေ့ ပေါ်ပေါက်လာပုံသမိုင်းကြောင်းတို့ကို ပြည်သူ များစိတ်ပါဝင်စားစွာကြည့်ရှု့နိုင်စေရန်နှင့် နိုင်ငံတော်၏ နေ့ကြီးရက်ကြီးများအားအချိန်နှင့် တပြေးညီ သိရှိနိုင်စေရန်နှင့် ပြဘုတ်အား (၁၅.၁၁.၂၀၂၁)မှ (၃၀.၁၁.၂၀၂၁)ထိ ပြသဆောင်ရွက် ထားမည်ဖြစ်ကြောင်း သိရသည်။
ပိုပိုအောင်