ဖျာပုံ နိုဝင်ဘာ ၁၅
ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူမျာအသင်း (Book Club) အဖွဲ့တို့ ပူးပေါင်း၍ (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show)ကို ယနေ့နံနက်(၉)နာရီက ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကျင်းပ ပြုလုပ် ခဲ့သည်။
အဆိုပါ အသိပညာပေး (Talk Show) တွင် ဖျာပုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က အသိပညာပေး Talk Show ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပြီးစာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (BookClub)အဖွဲ့ဝင်ဆရာ ဦးဟန်ဝင်းအောင်က အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို ဆွေးနွေးပြောကြား ခဲ့ကြောင်း သိရသည်။
ဖျာပုံခရိုင် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာ တိုးပွား စေရေးအတွက် အသိပညာပေး Talk Show များ၊ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး လုပ်ငန်း များကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်င်းနိုင်