ဖျာပုံမြို့နယ် သဲအိမ်ကျောင်းစုကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးကွင်းဆင်းဆောင်ရွက်

ဖျာပုံ နိုဝင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ" လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် ကျေးရွာများအရောက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး ခြင်းကို ယနေ့နံနက် ၉နာရီက၊ ဖျာပုံမြို့နယ် သဲအိမ်ကျေင်းစုကျေးရွာအုပ်စု၊ ဘုန်းတော်ကြီး ကျောင်း တွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကျေးရွာရှိပြည်သူများပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်‌ရေးကတ်ပြား ပြုလုပ်ပေးရခြင်းနှင့် ပတ်သက်၍မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဦးဇော်လွင်ကရှင်းလင်း ပြောကြားပြီး၊ မြို့နယ်အတွင်းရှိရပ်ကွက်/ကျေးရွာအုပ်စုပြည်သူများအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကိုနေ့   အလိုက်နေ့ချင်းပြီးထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖျာပုံမြို့နယ် သဲအိမ် ကျောင်းစုကျေးရွာ အုပ်စုတွင် အိမ်ထောင်စုစာရင်းမရှိသူ(၁၀၁)စုအား အိမ်ထောင်စုအသစ် ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရှိရသည်။

အောင်ဝင်းနိုင်