ဖျာပုံမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် အသိပညာပေး နှိုးဆော်ကြော်ငြာခြင်းဆောင်ရွက်

ဖျာပုံနိုဝင်ဘာ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား ပြည်သူများမှ တိတိကျကျ လိုက်နာဆောင်ရွက်ခြင်းဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ပြည်သူများက ပူးပေါင်းပါဝင်ကြရန် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို Hand Speaker ဖြင့် အသိပေး ကြော်ငြာဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ အသိပညာပေးဆောင်ရွက်ရာတွင် ဖျာပုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများမှ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ နေထိုင်ကြရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာရပါက ပါးစပ်၊ နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်ပြီးမှ သွားရောက်ရန်၊ လူစုလူဝေးသွားရောက်ခြင်းမှ ရှောင်ကြည်ရန်၊ တစ်ဦးနှင့်တစ်ဦး စကားပြောဆိုရာတွင် (၆)ပေအကွာမှ ပြောဆိုရန်၊ နှာခေါင်းစည်း(Mask)တပ်ဆင်သွားလာကြရန်၊ အသုံးအဆောင် ပစ္စည်းတစ်ခုခုကို ကိုင်တွယ်ပြီး တိုင်းလက်ကိုဆပ်ပြာနှင့် စက္ကန့်(၂၀)ကြာ ဆေးကြောရန်၊ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သပ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့် ထိတွေ့ခြင်း မပြုလုပ်ကြရန် စသည့်အသိပ ညာပေး လုပ်ငန်းများကို ပြည်သူများမှ သိရှိလိုက်နာ စေရေးအတွက်​ Hand Speaker ဖြင့် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်ဝင်းနိုင်