ကော့သောင်း နိုဝင်ဘာ ၁၅
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်ဦးသည် တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ မှ တိုင်းဒေသကြီးရွေးကောက်ပွဲအရာရှိ ဦးထိန်လင်းဦးနှင့်အတူ နိုဝင်ဘာလ ၇ ရက်နေ့နှင့် ၈ ရက်နေ့တို့က ကော့သောင်း ခရိုင်းအတွင်းရှိ ခရိုင်နှင့်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး သို့ရောက်ရှိ၍ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ လက်ရှိဆောင်ရွက်လျက်ရှိသည့် အခြေ အနေများ၊ ဝန်ထမ်းများ ဖြည့်ဆည်းခန့်ထားရေး ဆောင်ရွက်နေမှု အခြေအနေ၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်း ကျွမ်းကျင်ရေးအတွက် လေ့ကျင့်ဆောင်ရွက် သွားရမည့်အခြေအနေနှင့် သက်ဆိုင်ရာ မြို့နယ်အလိုက်မဲဆန္ဒရှင် လူဦးရေ စာရင်း ကောက်ယူရာတွင် ပြည့်စုံ မှန်ကန်မှုရှိစေရေး အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် သည်တာဝန်ရှိသူများနှင့်အတူ ကော့သောင်း ခရိုင်နှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအတွင်း ဝန်ထမ်းများလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေ အားလိုက် လံကြည့်ရှုစစ်ဆေးပြီး ကော့သောင်းမြို့၊ အေးမြကန်သာရပ်ကွက်ရှိ ကော့သောင်းခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အဆေက်အဦးသစ်တည်ဆောက်မည့် မြေနေရာသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ယင်းနောက် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူအင်အားဆိုင်ရာဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပြီး မဲဆန္ဒရှင်စာရင်းများ ကြိုတင်ပြုစုရေး ဆိုင်ရာလုပ်ငန်းများအား ဆွေးနွေးရာ လာမည့် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် စာရင်းများပြည့်စုံ မှန်ကန်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စိစစ်ထားသောမဲစာရင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ လူဦးရေစာရင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာမြို့နယ် ဦးစီးမှူးရုံးက ပြုစုထားသည့် ရပ်ကွက်နှင့်ကျေးရွာ အုပ်စုအလိုက် အိမ်ထောင်စုစာရင်း (ပုံစံ-၆၆/၆) များနှင့် တိုက်ဆိုင် စိစစ်ခြင်း၊ ဖြည့်စွက်ပြင်ဆင်ခြင်းနှင့် ရွေးကောက်ပွဲကျင်းပသည့်နေ့၌ အသက်(၁၈) နှစ်ပြည့်ပြီး ရွေးကောက်ပွဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသား ပြုခွင့် ရသူတိုင်းကို ထပ်မံဖြည့် သွင်းပြုစုရမည် ဖြစ်ကြောင်း၊ နောင်ကျင်းပမည့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်သည် နိုဝင်ဘာလ ၉ ရက်နေ့မှ ၁၃ ရက်နေ့အထိ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်(၂)ခုနှင့် မြို့နယ်(၉)မြို့နယ်၏ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများသို့ ရောက်ရှိကာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဝန်ထမ်းများ၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မဲစာရင်းပြုစုရေးကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများအား ဆွေးနွေးမှာ ကြားခဲ့ကြောင်း သတင်း ရရှိသည်။
ကျော်စိုး (ကော့သောင်း)