ဟိုင်းကြီးကျွန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့နည်းစေရေး ပြည်သူများသိရှိ လိုက်နာ ဆောင်ရွက်ရမည့်စည်းကမ်းချက်များအား အသိပေးနှိုးဆော်

ဟိုင်းကြီးကျွန်း  နိုဝင်ဘာ  ၁၅



ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများ သိရှိလိုက်နာဆောင်ရွက် ရမည့် စည်းကမ်းချက်များအား Hand Speaker ဖြင့်လှည့်လည်အသိပေး နှိုးဆော်ခြင်း ကို ယနေ့ နံနက်ပိုင်း ကပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ   အမှတ်(၁)ရပ်ကွက်ရှိ  လမ်းဆုံလမ်းခွနေရာများ နှင့် သင်္ဘောဆိပ်များသို့ သွားရောက်၍ အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်ခဲ့သည်။

ထိုသို့ အသိပေးနှိုးဆော်ရာတွင် "မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုမဖြစ်ပေါ်စေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ နေအိမ် ပြင်ပသို့ထွက်ခွာလျှင် နှာခေါင်းစည်းတပ်ဆင်ခြင်း၊ စနစ်တကျလက်ဆေးခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း၊ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာ နေခြင်း၊ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခမ်းခြင်း စသည့်လက္ခဏာများဖြစ်ပွားလာပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးသွား ရောက်ပြသကြရန်လိုအပ်ကြောင်းစသည့်" လိုက်နာရမည့်စည်းကမ်းချက်များအား  Hand Speaker ဖြင့်အသိပေးနှိုးဆော်ခဲ့ကြောင်း သိရှိရသည်။

​နွေး​နွေးအောင်ကြွယ်